ဖွဲ့စည်းမှု

အသင်းဖွဲ့စည်းပုံအခြေခံစည်းမျဉ်း

နိဒါန်း

၁။ လူသားချင်းစာနာထောက်ထားသည့် အရေးပေါ်အကူအညီများအတွက် ရပ်ရွာဖွံ့ ဖြိုးတိုးတက်ရေးအစီအစဉ်များ နိုင်ငံတော်တည်ဆောက်မှုအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်လူငယ်များအတွက် စွမ်းရည်မြှင့် တင်ရေး ဆင်းရဲနွမ်းပါးမှုလျော့ချရေး လုပ်ငန်းများ လူကုန်ကူးခံရမှု တားဆီးရေး လုပ်ငန်းများ တစ်ဦးချင်း တာဝန်ခံမှု တာဝန်ယူတတ်မှုရှိသော လူငယ်များ ထွက်ပေါ်လာရေးအတွက် အသင်းအဖွဲ့ တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံသား လူငယ်/လူလတ်များဦးဆောင်ပြီး ရေရှည်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အဆုံးမရှိလူမှုရေးကူညီမှုအသင်း {OMEGA DEVELOPMENT ORGANIZATION (ODO)}ကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါသည်။

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက် ၂။ ” အဆုံးမရှိလူမှုရေးကူညီမှုအသင်း” {OMEGA DEVELOPMENT ORGANIZATION (ODO)} ခေါ်ပါသည်။

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၂။ ” အဆုံးမရှိလူမှုရေးကူညီမှုအသင်း” {OMEGA DEVELOPMENT ORGANIZATION (ODO)} ခေါ်ပါသည်။

အသင်း၏ယုံကြည်ချက်နှင့်တန်ဖိုးများ

၄။ မျိုးဆက်သစ်လူငယ်များ အနာဂတ်နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လာစေခြင်းဖြင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အရေးပေါ်လူသားချင်းစာနာထောက်ထားသည့် အကူအညီများ၊ ဆင်းရဲ နွမ်းပါးမှု လျာ့ချရေးလုပ်ငန်းများ၊ လူ့ဂုဏ်သိက္ခာ စာနာထောက်ထားသည့် လုပ်ငန်းစဉ်များ၊ ပညာရေးဖြင့် ဘဝမြှင့်တင်ရေးလုပ်ငန်းများနှင့် လူ့ဂုဏ်သိက္ခာ မြှင့်တင်ရေး အစီအစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြမည်ဟု အသင်းက ယုံကြည်ပါသည်။

အသင်း၏ ယုံကြည်ချက်ကို အကောင်အထည်ဖေါ်ရာတွင် အသင်းအနေဖြင့် အောက်ပါ အချက်များကို တန်ဖိုးထားလုပ်ဆောင်သွားမည်။

(က) ဒေသယဉ်ကျေးမှုနှင့် ကိုက်ညီခြင်း။

(ခ) စာရင်းအင်း ညီမျှခြင်း။

(ဂ) လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာ။

(ဃ) တရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်း။

(င) တာဝန်ခံခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်း။

(စ) စည်းကမ်းရှိခြင်းနှင့် စည်းကမ်းလိုက်နာခြင်း။

လုပ်ငန်းစဉ်များ ၆။

အသင်းအနေဖြင့် ယုံကြည်ချက်ကို အကောင်အထည်ဖေါ်ရာတွင် အောက်ပါအတိုင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်။

(က)လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးအတွက် ဘက်စုံသင်တန်းများပြုလုပ်ပေးခြင်း။

(ခ)လူကုန်ကူးခံရသူများအား စောင့်ရှောက် ကူညီ ဖေးမပေးခြင်း။

(ဂ)အရွယ်လွန်ကလေးများအား စာပေသင်ကြားပေးခြင်းနှင့် လက်မှုပညာရပ်များ သင်ကြားပေးခြင်း။

(ဃ)နယ်စပ်ဒေသ ရွှေ့ပြောင်းလုပ်သားများအား အခက်အခဲကြောင့် နေရပ်ပြန်ပို့ ဆောင်ပေးရေးနှင့် ခေတ္တ ခိုလှုံ နေထိုင် စားသောက်ရေးကိစ္စများ ဆောင်ရွက်ပေးခြင်း။

(င)အရေးပေါ်အခြေအနေများတွင် ကယ်ဆယ်ရေးလုပ်ငန်များ ဆောင်ရွက်ခြင်း။

(စ)ဒုက္ခသည်များအား လိုအပ်မှုများကို ထောက်ပံ့ပေးခြင်း။

(ဆ)လူမျိုးဘာသာမရွေး နာရေးကိစ္စများအတွက် ကူညီပေးခြင်း။

(ဇ)မြို့ရွာအသီးသီးတို့တွင်မြို့သာယာလှပရေးအတွက်လုပ်အားပြသကူညီပေးခြင်း

(စျ)ရည်ရွယ်ချက်တူသော အခြားလူမှုအဖွဲ့အစည်းများနှင့် ကွန်ယက်ချိပ်ဆက် လက်တွဲလုပ်ဆောင်ခြင်း။

အထက်ပါယုံကြည်ချက် တန်ဖိုးထားမှုများနှင့် လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်ရန် အသင်းအနေဖြင့် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများ၊ ဘာသာရေးအခြေပြုအဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့များ စသည်တို့နှင့် မိတ်ဖက် ပူးတွဲလုပ်ဆောင်ခြင်း၊ လိုအပ်ပါက ပြင်ပမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားခြင်းလည်းကောင်း လုပ်ဆောင်နိုင်သည်။ ထိုအပြင် အသင်းသည် မိမိနှင့်လက်တွဲဆောင်ရွက်နေသူ အသင်းဝင်များ ဝန်ထမ်းများ လုပ်အားပေးသူများ၏ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အလေးပေး ဆောင်ရွက်မည်။

အသင်း၏အမှတ်အသားအဓိပ္ပါယ်ဖွင့်ဆိုချက် ၉။

(က)သမ္မာကျမ်းစာအုပ်ပုံသည် သစ္စာရှိခြင်း၊ တိကျခြင်း၊ မှန်ကန်ခြင်း၊ ဗဟုသုတ ဉာဏ်ပညာ၊ အစေခံခြင်းတို့ကို ဖေါ်ဆောင်သော သဘောဖြစ်သည်။

(ခ)အဖြူရောင် အသည်းနှလုံးပုံသည် သန့်ရှင်းမွန်မြတ်သော စိတ်ဓါတ် အေးချမ်းသော နှလုံးသားကို ဖေါ်ကျူးပါသည်။

(ဂ)အပြာရောင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံသည် မြန်မာနိုင်ငံ တော်အတွင်းရှိ တိုင်းရင်းသား လူမျိုးနွယ်အားလုံးကို ဆိုလိုသည်။

အသင်း၏အထိမ်းအမှတ်အလံမှာ

(က) ၅ပေx၃ပေ အဖြူရောင် ဖြစ်သည်။

(ခ)အသင်း၏ အမှတ်အသားကို အလံ၏ညာဘက်ဒေါင့်တွင် ထည့်သွင်း ထားသည်။

အသင်း၏ခေါင်းစဉ်မှာ- (That ye be like minded, Having the same love, Being of one accord, of one mind.) ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *